“၁၀တန်းအောင်ပြီး .... စစ်တက္ကသိုလ် သို့ .............”

အိပ်ရာက မနှိုးသေးပါ၊ ကျွန်တော့် အဖေ အခန်းတံခါး လာခေါက်ပါတယ်၊ မင်း ၁၀တန်း စာမေးပွဲအောင်တယ်၊ ငါ မနက်အစောကြီးသွားကြည့်ပြီး ပြန်လာတာ၊ ဂုဏ်ထူးမပါဘူး၊ ရိုးရိုးပဲအောင်တာ၊ အဖေ ဒါဆို သားကိုယ်တိုင် လဲ အောင်စာရင်း သွားကြည့်ချင်တယ်၊ အေး

ဒါဆိုရင် မင်း ရေချိုးပြီးရင် အောက်ထပ်ကို ဆင်းခဲ့၊ ငါ လိုက်ပို့ပေးမယ်၊ အဖေ က လမ်းသွားရင်း ဆက်ပြောပါတယ်၊ မနက်က ငါ တော်တော်လေး စိတ်ဓာတ်ကျသွားတယ်၊ ဘာလို့လဲ ကျွန်တော် မေးလိုက်တယ်၊ မင်းရဲ့ အ.ထ.က (၁၆) ကျောင်းမှာ သွားပြီး အောင်စာရင်း

သွားကြည့်တာ စာရွက်တစ်ရွက် မှ မင်းနာမည် ပါမလာဘူး၊ ဘေးက လူတစ်ယောက်မေးကြည့် မှ ကိုယ်တက်တဲ့ကျောင်းမှာ အောင်စာရင်း မကြည့်ရဘူး၊ ကလေး ဖြေဆိုတဲ့ကျောင်းမှာ သွားကြည့်ရမှာဆိုပြီး အဲဒီလူက ပြောလိုက်တယ်၊ ဒါနဲ့ အဖေ့လဲ မင်းဖြေတဲ့ကျောင်း

(ရင်ခွဲရုံမြောက်ဘက်) နားက ကျောင်းမှာ သွားကြည့်လိုက်တယ်၊ အဲဒီမှာ သွားကြည့်လိုက်မှ မင်းနာမည် တွေ့ရတာပဲ၊ မင်းနာမည် ရဲ့ အပေါ် က ကောင်မလေးနာမည်က ရတနာဖြိုးဝေ၊ အောက်က မင်းနာမည် သူရဖြိုးဝေ။ အောင်စာရင်းကြည့်တဲ့နေရာမှာ ရတနာဖြိုးေ၀ နဲ့

 သူရဖြိုးေ၀ ဆိုတော့ တစ်ချို့က မောင်နှမ ထင်နေကြတာ၊ ရတနာဖြိုးေ၀ က ဂုဏ်ထူးပါတယ်၊ သူရဖြိုးေ၀ က ဂုဏ်ထူးမပါဘူးဆိုပြီး ပြောနေကြတယ်၊ တကယ်တော့ ရတနာဖြိုးေ၀ နဲ့ ကျွန်တော်တို့အိမ်က တစ်ခြံကျော်ပဲခြားတယ်၊ သူက နယ်က ပြောင်းလာပြီး ၉ တန်းမှ

အ.ထ.က (၁၆) ကို ရောက်တာ၊ သူ့အမေက ၁၀တန်း Bio သင်တယ်၊ အိမ်နီးနားချင်း သူငယ်ချင်း တွေပေါ့၊ ကျွန်တော် နဲ့ အဖေ အောင်စာရင်းကြည့်ပြီး မန်းမြို့တော် (လမ်း၃၀) မှာ လက်ဖက်ရည်သောက်ပြီး အိမ်သို့ ပြန်လာခဲ့တယ်၊

၁၀တန်းအောင်စာရင်းထွက်ပြီး ကျွန်တော့်အဖေ ကျွန်တော့်အတွက် လုပ်ငန်းတွေ စတင်လာပါပြီ၊ မိဘရဲ့ အုပ်ထိန်းမှုအောက်မှာ လိမ္မာစွာနေခဲ့တဲ့ ကျွန်တော်က ဘာမှ မလွန်ဆန်ရဲခဲ့ပါဘူး၊ အဖေ့ရဲ့ အဖြစ်ချင်ဆုံးဆန္ဒက ကျွန်တော့်ကို စစ်တက္ကသိုလ် ထဲ ဝင်ပြီး

စစ်သားကြီးတစ်ယောက် ဖြစ်စေချင်ခဲ့တာပါ၊ နောက်ပြီး စစ်တက္ကသိုလ်တက်ပြီး သင်တန်းဆင်းရင် ကျွန်တော်ကျတဲ့နေရာကို ကျွန်တော် နဲ့လိုက်ပြီး နေဖို့ စိတ်ရှိသူပါ၊ အဖေက ပြောပါတယ် စစ်တပ်ထဲ မင်းဝင်ရင် မင်းတစ်ယောက်စာအတွက် ဘာမှပူစရာမလိုဘူး

အမြဲပြောပါတယ်၊ အပြင်လောက နဲ့ တစ်ခြားဆီပဲ၊ အပြင်လောက မှာ ရှာစားရ ခက်တယ်၊ မင်းစဉ်းစားကြည့်လေ ကျောင်းပြီးတာ နဲ့ လစာ ၁ သိန်းကျော်ရတာကွာ၊ (အဲဒီတုန်းက အပြင်အလုပ် ၁ သိန်း က တော်တော်လေးလုပ်မှ ရတာပါ)၊  အပြင်တက္ကသိုလ် (၃)

နှစ်တက်ပြီးတဲ့သူနဲ့ တစ်ခြားဆီပဲ ဆိုပြီး အဖေ ပြောတယ်၊ အပြင်တက္ကသိုလ် ၃ နှစ်တက်ပြီး ကျောင်းပြီးရင် ဘာအလုပ်မှ မရဘူး၊ အလုပ်ကို ကိုယ်ဘာသာ ရှာလုပ်ရတာ၊ ဒါတောင် ကျောင်းက ဘွဲ့နဲ့တင် မလုံလောက်သေးဘူး၊ အဲဒီလိုတွေနဲ့ စစ်တက္ကသိုလ်

တက်ရောက်ဖို့အတွက် ၁၀တန်းတက်ကတည်းက အဖေ စည်းရုံးခဲ့ပါတယ်။

ဟော ... သတင်းစာတွေမှာ ပါလာပါပြီ၊ D.S.M.A ၊ D.S.T.A ၊ D.S.A ဆိုပြီး သတင်းစာ မှာ အလိုရှိ ခေါ်စာတွေ ပါလာပါပြီ၊ သတင်းစာ မှာ ပါတဲ့ အလိုရှိခေါ်စာတွေကို အဖေက ကျွန်တော့်အတွက် သတင်းစာထဲကနေ နှုတ်ထားပြီး စနစ်တကျ ဖိုင်လေးတွေ နဲ့

သိမ်းပေးထားတယ်၊ ကျွန်တော့်ကို ဘယ်ဟာဖြေမလဲ မေးတယ်၊ ကျွန်တော် ဆေးအမှတ်မမှီတော့ D.S.T.A  နဲ့ D.S.A (၂)ခု လျှောက်မယ် ပြောလိုက်တယ်၊ ပထမအသုတ်က D.S.M.A ၊ ဒုတိယအသုတ်က D.S.T.A ၊ တတိယအသုတ်က D.S.A ၊ အဲဒီ (၃)ခုစလုံးမှာ

ဖြေဆိုရမယ့်ပုံစံက (၃)မျိုးဖြေဆိုရမှာ၊ ပထမဆုံးက မန္တလေးမှာ ရေးဖြေ၊ ဒုတိယက ရန်ကုန် (စစ်ကြောရေး၊ မင်္ဂလာဒုံ)၊ တတိယက မေမြို့ မှာ ဆေးစစ် လို့ အောင်မှ တက္ကသိုလ် တက်ရောက်ခွင့် ရမှာဖြစ်တယ်။

ရေးဖြေ ဖြေဆိုဖို့အတွက် ၁၀ တန်း သင်္ချာ နဲ့ အင်္ဂလိပ်စာ ကို ပြန်လေ့လာခဲ့ရတယ်၊ ရေးဖြေသင်တန်းကို ကျုံး အရှေ့ဘက်၊ နန်းရှေ့ နားမှာ သင်တန်းတက်ခဲ့ရတယ်၊ ဖြေဆိုမည့် ရက် ရောက်သည့် အချိန်ကျတော့ နန်းတွင်းထဲက ကျောင်းတွေမှာ ရေးဖြေ ဖြေဆိုရတယ်၊

ရေးဖြေ ၂ ခု စလုံး ဖြေဆိုပြီးခဲ့ပါပြီ၊ အောင်စာရင်း ထွက်တော့ D.S.T.A ရော D.S.A ရော  (၂) ခု စလုံးအောင်တယ်၊ အောင်တာ နဲ့ မပြီးသေးဘူး ဆက်လက်ပြီး ရန်ကုန် (မင်္ဂလာဒုံ၊ စစ်ကြောရေး) မှာ သွားပြီး ဖြေဆိုရအုံးမှာ ဖြစ်တယ်၊ နောက်ဆုံးအဆင့် မေမြို့ မှာ

ဆေးစစ်ပြီး အောင်ရင် စစ်တက္ကသိုလ် တက်ရောက်ခွင့်ရပြီး ဖြစ်တယ်။

ရန်ကုန်မှာ ဖြေဆိုဖို့အတွက် မန္တလေး ကျုံး မြောက်ဘက် “မှန်ကင်း” ရပ်ကွက်နားမှာ သင်တန်းတစ်ခု ဆက်တက်ခဲ့ရတယ်၊ သင်တန်းတက်တော့ မနက်ပိုင်းမှာ ဉာဏ်စမ်းပုစ္ဆာတွေ သင်တယ်၊ ညနေပိုင်းကျရင် Training လေ့ကျင့်ခန်းတွေ လုပ်ရတယ်၊ နောက်ပြီး

မန္တလေးတောင်ကို P.T ဘောင်းဘီတို အဖြူ၊ စွပ်ကျယ်ဖြူ၊ ရှူးဘိနပ် တွေနဲ့ တောင်တက်၊ တောင်ဆင်း လေ့ကျင့်ရတယ်၊ နောက်နေ့တွေကျရင် “မှန်ကင်း” ရပ်ကွက်နားက သင်တန်းလေ့ကျင့်ရေးကွင်းမှာ ညနေတိုင်း လေ့ကျင့်ခဲ့ရတယ်၊ လေ့ကျင့်ရတဲ့နည်းတွေက

ကြောင်လျှောက်၊ ကြိုးတက်၊ ကြိုးလွဲ၊ ကျားပါးစပ်၊ အမြင့်မှာရှိတဲ့ သံလုံးကို လက်(၂)ဖက်နဲ့ကိုင်ပြီး  ခန္ဓာကိုယ်ကို လက်အားနဲ့ ဆွဲတင်ပြီး တစ်ပတ်လှည့်ရတဲ့ လေ့ကျင့်နည်း၊ နောက် . ကားတာရာကွင်းကို ခုနက နည်းအတိုင်း တာရာကွင်း အပေါက်ကနေ ဒီဘက်ကို

ပြန်လှည့်ရတဲ့နည်း အစုံ လုပ်ရတယ်၊ အဲဒီလေ့ကျင့်ကွင်းက ပြီးရင် သင်တန်းရှေ့မှာ ဒိုက်ထိုး၊ ဗယ်လီရိုက် တို့ ဆက်လုပ်ရသေးတယ်၊ အားလုံးပြီး မှ ခနနား၊ ရေချိုး ၊ ထမင်းစားကြတယ်၊ လေ့ကျင့်ခန်းတွေ လုပ်ပြီး ထမင်းစားရတာ ဘာဟင်းပဲဖြစ်ဖြစ် ဆာလောင်တာနဲ့

အရမ်းစားလို့ မိန်တာပဲ၊ ညဘက်ကျရင် မနက်ပိုင်းက သင်တဲ့စာတွေ ပြန်ဖတ်ပြီး မှ အိပ်ကြတယ်၊ ညပိုင်းကြီး မိုးရွာတဲ့တစ်နေ့မှာ အိပ်နေရင်း သင်တန်းအိမ်က ခေါင်းမိုးမလုံး၊ ကံဆိုးချင်တော့ မိုးရေစက်တွေက သွပ်ပြားကနေ ခြင်ထောင်ပေါ်ကို တစ်စက်ချင်းကျပြီးတော့

နောက်ဆုံးမှာ ကျွန်တော့် ခန္ဓာကိုယ်ပေါ် ရေစက်တွေ ကျတာပေါ့၊ ကျလဲကျပါစေဆိုပြီး ပေပြီးအိပ်လိုက်ပါသေးတယ် မိုးကလည်း တော်တော်လေးသည်းလာပြီး၊ မထူးပါဘူး နေရာမပြောင်းတော့ပါဘူးဆိုပြီး၊ အိမ်ကပါလာတဲ့ ပလတ်စတစ်အကြည်

တစ်လှန်ကျော်လောက်ကို ခြင်ထောင်ပေါ်တင်ပြီး အိပ်လိုက်ပါတော့တယ်၊ မိုးရေက လုံး၀ မစိုတော့ဘူး၊ မကြာပါဘူး ပလတ်စတစ်ပေါ် မိုးရေတွေ ကျလာတာများတော့ ရေတွေများပြီး ကျွန်တော့်ခန္ဓာကိုယ်ပေါ် လောင်းချသလို စိုရွှဲကုန်ပါတော့တယ်။ (မမေ့နိုင်

အမှတ်တရနေ့လေးပါ)

ရန်ကုန်ကို သွားပြီး ဖြေရမယ့်ရက်က နီးလာပြီ၊ သင်တန်းက သူတွေက သူ့အစီစဉ်နဲ့သွားသလို၊ သင်တန်းက ဆရာတွေနဲ့ ရန်ကုန်ကို သွားတဲ့သူတွေလဲ ရှိတယ်၊ ကျွန်တော်ကတော့ ကိုယ့်အစီအစဉ် ရထားနဲ့ သွားခဲ့ပါတယ်၊ ရထားကို အိပ်ခန်းတွဲကနေ အဖေ နဲ့အတူ

လက်မှတ်ဖြတ်ပြီး ရန်ကုန်ကိုသွားကြတယ်၊ ရထားပေါ်အတွေ့အကြုံ ပြောရအုံးမယ်၊ အိပ်ခန်းတွဲက ၄ယောက် ကို ၁ ခန်း၊ ကျွန်တော်တို့ ရတဲ့နေရာက အပေါ် နဲ့ အောက်၊ အဖေ က ငါ အပေါ် မတက်နိုင်ဘူး၊ မင်း အပေါ်မှာ နေ ဆိုတော့ (ကန်တော့)၂ ပြောပြီး

နေရတာပေါ့၊ အိပ်ခန်းတွဲမှာ အဲယားကွန်း Window Type တစ်လုံးပါတယ်၊ မြန်မာနိုင်ငံက ရထားအကြောင်း သိတယ်မို့လား၊ ပုခတ်လွဲတဲ့အတိုင်းပေါ့ ကျွန်တော်လဲ အပေါ်ကိုတက် ခန အိပ်မယ်ဆိုပြီး ခြေရင်းမှာ ရှိတဲ့ အဲယားကွန်းကို ကြည့်ရင်း ရထားလှုပ်တာများတော့

အဲယားကွန်းကြီး “ဝုန်းခနဲ ...” ပြုတ်ကျသွားပါတော့တယ်၊ ဒါနဲ့ အောက်ဆင်းပြီး သွားတိုက်၊ မျက်နှာသစ်မယ်ဆိုပြီး လက်ဆေးကန်နားသွားတော့ လက်ဆေးကန် က ရေမလာဘူး၊ တော်တော်လေး စိတ်ပျက်သွားမိတယ်၊ အခန်းကို ပြန်လာပြီး ရေသန့်ဘူး နဲ့ မျက်နှာသစ်၊

သွားတိုက်ခဲ့ရတယ်၊ နောက်ပြီး ဗိုက်ဆာလာတော့ စားသောက်ဆောင်ဘက်သွားပြီး ထမင်းကြော်မှာစားပါတယ်၊ စားလို့က မကောင်း၊ ဈေးကလဲ ကြီးသေးတယ်၊ ရထားနဲ့ ခရီးသွားတာ ပထမဦးဆုံး ခရီးစဉ်ဖြစ်သလို ပထမဦးဆုံး စိတ်ကုန်ခဲ့တဲ့နေ့လဲဖြစ်တယ်၊

စားသောက်ပြီး အိပ်ခန်းဆောင်ပြန် အိပ်တော့ “ဂျပိုး” က ကိုက်ခံရသေးတယ်၊ ဒါနဲ့ အိပ်ပျော်သွားပါတယ်၊ “ကွမ်းယာ၊ ဆေးလိပ်၊ ရေသန့်ဘူး” အသံတွေကြားရပြီး “ရေသန့်ဘူးခွံလေးစွန့်ခဲ့ပါ” အသံလဲကြားရော ရန်ကုန်မြို့ကြီးကို ညစ်ပတ်၊ စုတ်ပျက်၊ သန့်ရှင်းမှုမရှိသော

မြန်မာ့မီးရထားကြီး နဲ့ ရောက်လာပါတော့တယ်၊ ရန်ကုန်မြို့ကတော့ ပထမဦးဆုံး ရောက်ဖူးတာမဟုတ်ဘူး၊ ငယ်ငယ်က တစ်ခေါက်ရောက်ဖူးသေးတယ်။

မင်္ဂလာဒုံ (စစ်ကြောရေး) မှာ ဝင်ရောက်ဖို့အတွက် (၄)ရက်တောင် လိုသေးတယ်၊ ရန်ကုန်ရောက်တော့ အဖေ့ ရဲ့ အစ်ကို့အိမ် (အုတ်ကျင်း) မှာ တည်းတယ်၊ နောက်ရက်ကျတော့ အတူဖြေဆိုမယ့် သူငယ်ချင်းတစ်ယောက်နဲ့ အုတ်ကျင်း ကို လာခဲ့ဖို့ ချိန်းလိုက်တယ်၊ မင်း

ဒီမှာ ပဲနေလိုက်တော့ဆိုပြီး သူလဲ ဆက်ဆက်ရောက်လာခဲ့ပါတယ်၊ သူလဲ ကျွန်တော် နဲ့ အတူတူ ဖြေရမှာ၊ ဒါပေမယ့် သူက ကျွန်တော့်ထက် (၁)ရက်စော ဖြေရမှာ၊ မဖြေခင်စပ်ကြား အားနေတော့ အဖေမသိအောင် (၂)ယောက်သား လစ်ပြီး ထွက်ခဲ့တယ်၊ အုတ်ကျင်း

ကနေ လမ်းမကြီး ရှိရာသွားပြီး Taxi တားလိုက်တယ်၊ Taxi သမားက ညီလေးတို့ ဘယ်သွားမှာလဲမေးတယ်၊ လိပ်စာကမပြောတက်၊ Taxi သမားကို ဘယ်လိုပြောရမလဲ ဖြစ်နေတယ်၊ ကျွန်တော့် အစ်ကိုတစ်ဝမ်းကွဲ ဆိုင်သွားမှာ၊ ဆိုင်နာမည်က ဘာလဲမေးတယ်၊ FEEL

စားသောက်ဆိုင်လို့ပြောလိုက်တော့၊ FEEL စားသောက်ဆိုင်တွေက ဆိုင်ခွဲတွေများတယ်၊ ဘယ်နားက ဆိုင်ကို သွားမှာလဲ မေးတယ်၊ ကျွန်တော်ပြောမယ်ဗျာ ခုသွားမယ့် FEEL က အဲဒီရှေ့နားမှာ ဘောလုံးကွင်းလိုမျိုး မြက်ခင်းကွင်းပြင်ကြီး ရှိတယ်၊ အဲဒီနေရာကိုသာ

ရောက်အောင်မောင်းပေး၊ ကျသလောက်ရှင်းပေးပါ့မယ် ပြောရတာပေါ့၊ Taxi သမားလဲ တော်ရှာပါတယ်၊ ကျွန်တော်ပြောတဲ့နေရာကို ရောက်အောင် ပို့ပေးခဲ့တယ်၊ ဆိုင်ရောက်တော့ အစ်ကိုနဲ့တွေ့ပြီး အလကား၊ အဝအပြဲစားသောက်ခဲ့ပါသေးတယ်၊ အစ်ကိုက

ဘယ်သွားကြအုံးမလဲ မေးတယ်၊ ဘုရားသွားပြီး ပြန်မှာ၊ ငါလိုက်ပို့မယ် ပြောတော့ ၊ ရတယ် သွားတက်အောင် ကိုယ့်ဘာသာ Taxi ဌားပြီးသွားမယ်ပြောလိုက်တယ်၊ ဒါဆိုရင် မင်းအဖေ ရော ပါတယ်ဆိုတော့ ညနေပိုင်း ငါလိပ်စာပေးလိုက်မယ် FEEL GARDEN

ကိုလာခဲ့လိုက်၊ ညနေစာ အဲဒီမှာ စားဖို့ ခေါ်လိုက်တယ်၊ ညနေပိုင်း FEEL GARDEN သွားတော့ ဆိုင်လာဧည့်သည်တေါကို ကြည့်မိလိုက်တယ်၊ ဘီယာသောက်နေတဲ့အထဲမှာ အသက်(၂၀)ဝန်းကျင် မိန်းကလေးတွေပါ သောက်နေကြတာတွေ တွေ့တယ်၊ သူငယ်ချင်းဖြစ်သူ

ကတော့ ဘီယာရဲ့ အရသာကို သူခံစားဖူးတယ်၊ ကျွန်တော်က လုံး၀ မသောက်တက်ဘူး၊ ကျွန်တော့်စိတ် ဘာဖြစ်သွားသလဲဆိုရင် မိန်းကလေးတွေတောင် သောက်သေးတာ ငါ ယောင်္ကျားတစ်ယောက်ဖြစ်ပြီး မသောက်တက်ပါဘူးဆိုပြီး အတွေးဝင်လာတယ်၊ သူငယ်ချင်း

မင်းသောက်မလား မေးလိုက်တယ်၊ မင်း အဖေ ရှိနေတာကွာ ငါ့ ဆဲမှာပေါ့ကွ၊ အေး ဟုတ်သားပဲ၊ အဖေ ကလဲ ဘီယာ မှ မဟုတ်ဘူး အရက်တွေ ဘာတွေ သောက်တာ လုံးဝမကြိုက်ဘူး၊ သူကိုယ်တိုင်ရော မသောက်ဘူး၊ ကွမ်းယာ တစ်ခုပဲ စားတယ်၊ အဲဒီနေ့မှဗျာ

ဘီယာအကြောင်း (၂)ယောက်သားပြောနေရင်း အဖေကလဲ ကြားပါတယ်၊ ဒါနဲ့ အစ်ကိုက မင်းတို့သောက်ချင်သလားမေးတယ်၊ ငါမှာလိုက်မယ်ပြောတယ်၊ ဒါဆိုလဲကွာ မင်းတို့ (၂)ယောက် (၁)ခွက်ကို (၂)ယောက်သောက်ကြပေါ့၊ ဘယ်လိုလဲဆိုတာ မင်းတို့

သိမှာပေါ့ဆိုပြီး (၁)ခွက်ကို (၂)ယောက် သောက်ခဲ့ကြတယ်။ အဖေ ကလဲ သောက်ချင်ရင်သောက်ဖို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့တယ်၊ အဲဒီနေ့ကစပြီး ဘီယာကို စ သောက်ခဲ့တယ်၊ ကျွန်တော် ဘီယာကို နေ့တိုင်းသောက်တဲ့အကျင့်မရှိဘူး၊

အရမ်းကိုခင်မင်ရတဲ့သူငယ်ချင်း၊မိတ်ဆွေ၊ ပွဲအခမ်းအနား တွေမှသာ အနည်းဆုံး (၁)ခွက်၊ အများဆုံး (၂)ခွက် ပဲ သောက်ပါတယ်၊ တကယ်တော့ ဘီယာကို ကြိုက်သလားမေးရင် ဘီယာထက် ဘီယာသောက်တဲ့သူတွေနဲ့အတူထိုင်ပြီး အမြည်းစားရတာပဲ ကြိုက်တယ်။

ဖြေရမည့်ရက်က မနက်ဖြန်။ ဒီကနေ့ ကတည်းက အားလုံး Ready ဖြစ်အောင် အဆင်သင့်ပြင်ဆင်ထားပြီးပြီ၊ ခု ဖြေရမှာက ဒုတိယအသုတ် D.S.T.A အတွက် ဖြေရမှာ၊ ဖြေရမည့်ရက်ရောက်တော့ မင်္ဂလာဒုံ (စစ်ကြောရေး) ကို ကားနဲ့သွားခဲ့ကြတယ်၊ ကား နဲ့ မင်္ဂလာဒုံ

(စစ်ကြောရေး) ရှေ့သို့ ရောက်လာပါပြီ၊ ကိုယ့်ထက်စောရောက်နေတဲ့ သူတွေအများကြီးတွေ့ရတယ်၊ အဲဒီထဲမှာ မှ ဆံပင်ညှပ်ထားတဲ့သူတွေက ပထမအသုတ် D.S.M.A ဖြေထားတဲ့သူတွေပေါ့၊ စစ်ကြောရေး အပြင်ဘက်က တန်းလျား ခုံလေးမှာ အဖေ နဲ့ ကျွန်တော်

ထိုင်နေတယ်၊ မိုးလဲ ဖွဲတဲတဲလေး ရွာနေတယ်၊ ကျွန်တော့်စိတ်တွေ စတင် လာပါပြီ၊ ဆံပင်ပုံစံတွေကြည့်ပြီး စိတ်ညစ်တာကတစ်မျိုး၊ ရာသီဥတု မိုး က ကျွန်တော့်ကို ဒီနေရာကနေ ထွက်ပြေးချင်အောင် လုပ်နေသလို ဖြစ်နေပါတယ်။ မနည်းအားတင်းပြီး အဖေ့ ကို

ကျွန်တော်ဖွင့်ပြောလိုက်ပါတယ်၊ အဖေ ကျွန်တော် ဒီထဲ မဝင်ချင်တော့ဘူး၊ ခု ပဲ မန္တလေးကိုပြန်တော့မယ် ပြောလိုက်တယ်၊ အဖေ က ဖြည်းညင်းစွာ ပြောလိုက်တယ်၊ ဘာလို့လဲသား ၊ ကျွန်တော် လုံးဝဖြေချင်စိတ်မရှိတော့ဘူးဗျာ၊ ဆိုပြီး အဖေ့ရဲ့ အဖြစ်ဆုံးဆန္ဒကို

ရိုက်ချိုးခဲ့သလို လုပ်ခဲ့တယ်၊ ဒါနဲ့ ထိုင်နေတဲ့ တန်းလျားကနေ ချက်ချင်း ကားနဲ့ မင်္ဂလာဒုံ ကနေ ကားကြီးကွင်းသွားပြီး ညနေ ၅နာရီ ကားနဲ့ မန္တလေး ကိုပြန်ခဲ့တယ်၊ သူငယ်ချင်းဖြစ်သူ ဝဏ္ဏမောင် ကတော့ မနေ့ကတည်းက အထဲကို ဝင်ဖြေနေလေလျက်။

နောက်နေ့မနက် မန္တလေးကို ပြန်ရောက်တယ်၊ ပြန်ရောက်တော့ အကျိုးအကြောင်းကို အမေ့အား ပြောပြတယ်၊ အမေ သားမဖြေချင်တော့ဘူး၊ သား အပြင်တက္ကသိုလ်မှာပဲ လွတ်လွတ်လပ်လပ် တက်ချင်တယ်၊ သားတွေကို မွေးထားတဲ့အမေ ဆိုတော့ ကျွန်တော်

ပြောသလို လက်ခံနားလည်ပေးပါတယ်၊ အဖေ ကတော့မရဘူး၊ D.S.A တစ်ခုဖြေဖို့ ကျန်သေးတယ်၊ အဲဒါကို မင်းဖြေကို ဖြေရမယ် ကြိမ်းထားတယ်၊ အမေ ဖြစ်သူက ဆီးချို၊ ကျောက်ကပ် ရောဂါ ရှိတော့ ဆေးရုံနဲ့ ရက်ပြတ်တယ်မရှိပါဘူး၊ နေ့စဉ်ပြနေရတယ်၊ တစ်နေ့

ညနေပိုင်း ဆေးရုံသွားပြရင်း၊ ဆရာဝန်က ခုညချင်း ဆေးရုံတင်ရန် ပြောလိုက်သဖြင့် ဆေးရုံတင်လိုက်ရတယ်၊ နောက်တစ်နေ့ ကျောက်ကပ် ဆေးရတယ်၊ ကျောက်ကပ်ဆေးပြီး စကားတွေဘာတွေပြော၊ ရယ်မောနေသေးတယ် ဆိုတော့ ရောဂါသက်သာတယ်လို့

ယူဆရမှာပေါ့၊ နောက်တစ်နေ့ မနက်ပိုင်း ဆေးရုံမှာ အစ်ကိုအကြီးဆုံးက အမေ့စောင့်ရင်း အမေ့ကို ပြုစုရတာပေါ့၊ တစ်လှည့်စီ အဖေ နဲ့ အစ်ကိုကြီး Duty ချိန်းပြီး စောင့်ရတာပေါ့၊ အစ်ကိုကြီးက အဲဒီနေ့မနက်ပိုင်းမှာ ကျောက်ဝိုင်းမသွားခင် အမေ့အား မနက်စာကျွေးပြီး၊

အဖေ နဲ့ Duty ချိန်းပြီး ကျောက်ဝိုင်း ကို အလုပ်သွားလေလျှက်၊ အစ်ကိုကြီးလဲ ကျောက်ဝိုင်းရောက် အမေရုတ်တရုတ် တတ်ပြီး ဆုံးသွားတယ်ဆိုပြီး အဖေ့ဆီက ဖုန်းဝင်လာတယ်၊ အစ်ကိုကြီး ခင်မျာမှာလဲ မယုံနိုင်စရာ ဖြစ်ခဲ့ရှာတယ်၊ မနက်ကတင်

အကောင်းပကတိအတိုင်း မနက်စာတောင် ကောင်းကောင်းစားသွားသေးတယ်၊ ဒါနဲ့ အဖေ က အိမ်ကို ဆိုင်ကယ်နဲ့ ဒုန်းမောင်းပြီး အိမ်ထဲဝင်လာတာတွေ့လိုက်ရတယ်၊ မနက်စောစောစီးစီး ကျွန်တော်ကလဲ ဒါန်းပေါ်မှာ ဂစ်တာတီးရင်း အဖေ ဝင်လာတာကို

တွေ့လိုက်တယ်၊ အဖေက မျက်ရည်တွေဝဲပြီး မင်းအမေ ခုပဲ ဆုံးသွားတယ်၊ ကျွန်တော်ကလည်း အဖေ မစ ပါနဲ့ဗျာ ပြောလိုက်တယ်၊ တကယ်ပြောတ ငါ . အခု ကားလာယူတာ၊ နောက်ပြီး မင်းအမေ ရဲ့ မျက်ကြည်လွှာလှူဒါန်းထားတဲ့ စာရွက်စာတမ်းတွေ နဲ့

ဆေးတက္ကသိုလ် ခန္ဓာဗေဒ မှာ လှူဒါန်းထားတဲ့ စာရွက်တွေ လာယူတာ။ ပြီးရင် အဲဒီဌာနတွေကို ဖုန်းဆက်အကြောင်းကြားရအုံးမှာ၊ မျက်ကြည်လွာ က ပိုအရေးကြီးတယ်လို့ ဆရာဝန်က ပြောလိုက်တယ်၊ သေဆုံးပြီး နာရီပိုင်းအတွင်း မျက်ကြည်လွာက အသုံးဝင်တာလို့

ပြောတယ်၊ မင်း အိမ်မှာပဲနေခဲ့၊ မင်းအစ်ကို လာမှ လိုက်ခဲ့၊ ဘယ်မှ လျှောက်မသွားနဲ့ မှာထားလိုက်တယ်၊ အဖေ ကားနဲ့ထွက်သွားပြီးနောက် အဖေ ဆိုင်ကယ်နှိုးပြီး ကျွန်တော့်အထက်က နို့ညှာအစ်ကိုအိမ်ကိုသွားပြီး အမေ ဆုံးသွားပြီဆိုတာ သွားပြောဖို့ ထွက်သွားတယ်၊

အဲဒီ နို့ညှာအစ်ကို က အမေ နဲ့ ကသိကအောက် ဖြစ်ထားတဲ့အတွက် အိမ်ပေါ်ကဆင်းပြီး လမ်း ၆၀ နားမှာ အိမ်ဌားသွားနေ နေတာ၊ အစ်ကို့အိမ်လဲရောက်ရော အစ်ကိုဖြစ်သူက ဆိုင်ကယ်လုပ်တာဆိုတော့ မူဆယ်ကို ရောက်နေတာ၊ အစ်ကိုနဲ့ မတွေ့ခဲ့ဘူး၊ ဒီနေ့ ည

သို့မဟုတ် မနက်က ပြန်ရောက်မှာ လို့ အစ်ကို့ မိန်းမ ရဲ့ အမေ ဖြစ်သူကပြောတယ်၊ ဒါနဲ့ အန်တီကို မှာထားခဲ့လိုက်ပြီး၊ သူတို့လဲ ခနနေရင် အိမ်မှာ အမေ့ရဲ့ဈာပန ပြင်ဆင်မယ်ထင်ပြီး အိမ်မှာစောင့်နေကြတယ်၊ ဒါနဲ့ ကျွန်တော် ဆေးရုံကို လိုက်သွားပါတယ်၊

ကျွန်တော်ရောက်တဲ့အချိန် မျက်ကြည်လွာဌာန က ဆရာဝန် ၃ ယောက် ရောက်နေပြီး သူတို့ လုပ်စရာရှိတာလုပ်နေတာကို တွေ့လိုက်တယ်၊ အမေ့ ဈာပန ကို ဆေးရုံမှာပဲ ဘုန်းကြီးပင့်၍ သရဏံဂုဏ် တင်ခဲ့ကြတယ်၊ ခန္ဓာကိုယ် ကို ဆေးတက္ကသိုလ် ခန္ဓာဗေဒ သို့

သွားရောက်ပို့ဆောင် လှူဒါန်းမှုလုပ်ခဲ့ကြတယ်၊ မသေဆုံးခင်ကတည်းက ငါတို့သေရင် ငါတို့ခန္ဓာကိုယ်ကို နောင်လာနောက်သား ဆရာဝန်တွေအတွက် စာသင်ကြားရေးမှာ အထောက်အကူပြုအသုံးချဖို့ လှူဒါန်းထားကြောင်း ကျွန်တော်တို့ကို ပြတယ်၊ မျက်ကြည်လွာ ကို

အလင်းမဲ့နေတဲ့သူတွေအတွက် လှူဒါန်းသွားမယ်ဆိုပြီး လှူဒါန်းခဲ့ကြသေးတယ်၊ အမေ တို့ ပြုလုပ်ခဲ့သမျှသည် မြင့်မြတ်ပါတယ်၊ အမေ ခု စာရေးရင်းလဲ အမေ့ကို ဆုတောင်းပေးနေလျှက်ပါ၊ အမေ ကောင်းရာဘုံဘ၀ ကိုရောက်ပါစေ လို့ သားငယ် ဆုတောင်းပေးပါတယ်။

အမေ ဆုံးပြီး ရက်အနည်းငယ်ကြာတော့ အဖေ က နောက်ဆုံးကျန်တဲ့ D.S.A ကိုဝင်ဖြေပေးရန် တောင်းတောင်းပန်ပန် ပြောလာတယ်၊ အမေ မရှိတော့လို့ ဝမ်းနည်းရတာက တစ်မျိုး၊ စစ်တပ်ထဲ မဝင်ချင်တာက တစ်မျိုး စိတ်တွေရှုပ်နေတယ်၊ နောက် ၁၀ ရက်ဆိုရင်

D.S.A ဖြေဖို့ ရောက်ပြီး၊ ဟုတ် သား သွားဖြေပါမယ် ဆိုပြီး ကတိပေးခဲ့ရတာပေါ့။

နောက်တစ်ခေါက် D.S.A ဖြေဖို့အတွက် ရန်ကုန်ကို ရောက်လာပြန်ပြီ၊ သူငယ်ချင်း ဝဏ္ဏမောင် ကလဲ ခုတစ်ခါလဲ ကျွန်တော့်ထက် ၁ ရက်စောပြီး ဝင်ဖြေနေရတယ်၊ ခု တစ်ဖန် စစ်ကြောရေး (မင်္ဂလာဒုံ) ကို ကျွန်တော် ရောက်လာပြန်ပြီ၊ ဟိုတစ်ခေါက် ထိုင်ခဲ့တဲ့

စစ်ကြောရေး အပြင်ဘက် တန်းလျားလေးမှာ ထိုင်ရင်း၊ တပ်ကြပ်ကြီးတွေက အားလုံး အထဲဝင်လို့ရပြီ ဆိုတော့ အသံကြောင့်၊ ဒီတစ်ခေါက်တော့ လွယ်အိတ်လေးလွယ်၊ အထုပ်အပိုးတွေထမ်းပြီး စစ်ကြောရေးအတွင်းရှိ လမ်းအတိုင်း အထဲကို တကယ်ဝင်ခဲ့ရပါပြီ၊

အထဲရောက်တော့ နံပါတ်စဉ်အလိုက် သတ်မှတ်တဲ့နေရာ ဘားတိုက် လို့ခေါ်တဲ့ အဆောင်တွေမှာ ကိုယ့်နေရာ နဲ့ ကိုယ်ကုတင်နဲ့ နေရတယ်၊ ကျွန်တော့် နေရာက ဘားတိုက်ရဲ့အလယ်တံခါးပေါက်အဝထောင့်ဆုံးနေရာဖြစ်တယ်၊ စစ်တပ်ထဲသာ ဝင်လာရတာ သရဲ က

ကြောက်တက်သေးတယ်၊ ရောက်ရောက်ချင်း ခြင်ထောင်ကြိုးချည်လို့ရမယ့် နေရာတွေ ရှာတယ်၊ ခြေရင်း အပေါ်ဘက်မှာ အဝတ်လှန်းဖို့အတွက် သံနန်းကြိုး တန်းပေးထားတယ်၊ ခေါင်းရင်းဘက်အတွက် ခြင်ထောင်ကြိုးထောင်ဖို့ သံမှိုတစ်ခု ပဲ ရှိတယ်၊

နောက်တစ်ဖက်အတွက် ကျွန်တော် ကြံဖန်ရပါတယ်၊ စစ်ကြောရေးထဲ ဝင်ကတည်းက ဒီထဲမှာ တူ မပြောနဲ့၊ လက်သည်းညှပ်၊ ဘရိတ်ဓား၊ ရှ စေတဲ့အရာ တစ်ခုမှ ယူမလာရဘူး၊ ပါလာရင် တစ်ခါတည်းသိမ်းတယ်၊ ခြင်ထောင်ကြိုးချည်ဖို့အတွက် အသားနဲ့အုတ်နံရံကြား မှာ

အပေါက်သေးသေးလေး တစ်ပေါက်တွေ့တယ်၊ ဒါနဲ့ အပိုပါလာတဲ့ သွားတိုက်တံ တစ်ချောင်းရဲ့ ဖင် နဲ့ ကြပ်နေအောင် ထိုးထည့်ထားလိုက်တယ်၊ ကဲ . ညအိပ်ဖို့အတွက် ခြင်ထောင်ကြိုးချည်ဖို့က အဆင်သင့် ဖြစ်သွားပါပြီ၊ ရောက်တာနဲ့ အဝတ်အစားလဲရတယ်၊ P.T

ဘောင်းဘီတိုအဖြူ၊ စွပ်ကျယ်ဖြူ၊ ရှူးဘိနပ် ဝတ်ရတယ်။ မိနစ် ၂၀ လောက်ကြာတဲ့အချိန်မှာ တပ်ကြပ်ကြီးတွေ ဘားတိုက်ထဲ ရောက်လာကြတယ်၊ ကိုယ်ပိုင် နံပါတ်ပြားထုတ်ဖို့ နဲ့၊ ပုံစံခွက်ပန်းကန်ပြား၊ ဇွန်း၊ ခရင်း၊ လက်သုတ်ပုဝါ တွေ ထုတ်ဖို့ တန်းစီးခိုင်းတယ်။
ကိုယ်ပိုင် နံပါတ်ပြားဆိုလို့ ရင်ထိုးလို ပုံစံမျိုး စိတ်ထဲက ထင်နေတာ၊ ဘယ် ဟုတ်ပါ့မလဲ၊ ခုခေတ် ဆံပင်ညှပ်ဆိုင်တွေမှာ ခေါင်းလျှော်ရင် စွတ်တဲ့ ပုံစံမျိုးကို လည်းပင်းအဝိုက်ပါပြီး နောက်ကျောဘက်အထိ အရှည်ရှိတယ်၊ ရှေ့ဘက် နဲ့ နောက်ဘက် မှာ နံပါတ် အကြီးကြီး နဲ့

ရေးထားပြီး၊ ဘေးနှစ်ဖက်မှာ ကြိုးချည်ဖို့ ကြိုးတွေပါတယ်၊ ကျွန်တော့် နံပါတ်က ၁၃၊ မွေးနေ့ကလဲ ၁၃၊ အဲဒါကြီးကို ကျွန်တော်တို့က ဘော်လီ လို့ခေါ်ကြတယ်၊ အဲဒီနံပါတ်ပြားကြီးကို ရေချိုးတဲ့အချိန်မှလွဲ၍ မချွတ်ဘဲဝတ်ထားရတယ်၊ နောက် ပုံစားပန်းကန်၊ ဇွန်း၊ ခရင်း၊

လက်သုတ်ပုဝါ တွေ ထုတ်ပေးတယ်၊ (မှတ်ချက်။ ။ အဲဒီပစ္စည်းတွေ (၅)ရက်ဒီထဲမှာနေပြီး ပြန်အပ်လို့ ပျောက်ရင် တန်ဖိုးအတိုင်း ပေးလျော်ရမှာဖြစ်တယ်)၊ အဲဒီပစ္စည်းကိုယူပြီး မိမိအဆောင်ကိုပြန်ကြတယ်။ မိမိအဆောင်ရောက်ပြီး ခနတာနားပြီးတဲ့အချိန်

ကိုယ်ခန္ဓာစစ်ဆေးမှု လုပ်မယ် ဆိုပြီး တန်းစီထားဖို့ပြောတယ်၊ ကိုယ်ခန္ဓာစစ်ဆေးမှုဆိုတာက လက်ဆန့်ရင် ကောက်သလား၊ ဖြောင့်သလား စစ်တယ်၊ ခြေသလုံး၊ ပေါင် မှာ အနာနဲ့ပတ်သက်တာ ဘာရှိလဲစစ်တယ်၊ စစ်လို့ တွေ့တဲ့သူတွေဆိုရင် ဘယ်တုန်းက ဘာကြောင့်

ဖြစ်တယ်ဆိုတာ မေးမြန်းတယ်၊ ကိုယ်ခန္ဓာ စစ်ဆေးမှု ပြီးဆုံးပြီး ထမင်းစားချိန် ရောက်လာပါတယ်။

ထမင်းစားချိန်ရောက်တော့ ပုံစံခွက်ပန်းကန်ပြား နဲ့ ဇွန်း၊ ခရင်းလေး ကိုင်ပြီး ထမင်းကျွေးမယ့် အဆောင် ကို တန်းဆီသွားရပါတယ်၊ မှတ်မှတ်ရရ ဟင်းတွေကတော့ အားလုံးသီးအလုံးလိုက်ချက် (အခွံမနွှာ)၊ ငါးခြောက်ကောင်သေးသေးများကိုချက်ထားသောဟင်း

(ငန်တူးသောငါးခြောက်ချက်)၊ ပဲဟင်းရည် (နောက်ကျိ အရသာမရှိ အမဲဖက်များပါ ပါသောဟင်းရည်၊ ထမင်း ( အလွန်ကြမ်းတမ်းပြီး ဇကွဲများမှာပါသောထမင်း) တို့ိကို စားသောက်ခဲ့ရတယ်၊ သူတို့ ကျွေးတဲ့ ထမင်းဟင်း အကုန်မစားဘဲ သတ်မှတ်တဲ့နေရာမှာ

သွန်ပစ်ခဲ့တယ်၊ ပန်းကန်၊ဇွန်း၊ခရင်း ကိုယ့်ဘာသာ ဆေးကြောပြီး အဆောင်ကို ပြန်ခဲ့တယ်၊ အိမ်ကနေ ပါလာတဲ့ မုန့်များစားရင်း ဗိုက်ဖြည့်ခဲ့တယ်။

စစ်ကြောရေးထဲမှာ ဘေးပေါက်ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် ရှိတယ်၊ နောက်ရက်တွေ အဲဒီမှာ သွားစားတယ်၊ တစ်နေ့ ထမင်းစားချိန် သူငယ်ချင်း ဝဏ္ဏမောင် နဲပ ပြန်ဆုံတယ်၊ သူက မနက်ဖြန် စစ်ကြောရေးကနေ ထွက်ရတော့မယ့်နေ့ဖြစ်တယ်၊ နောက်ထပ်

ငယ်သူငယ်ချင်း ကျော်စွာထွန်း နဲ့လဲ တွေ့ခဲ့တယ်၊ သူက ကျွန်တော့်နောက်မှ ထွက်ရမှာ ၊ ဘားတိုက် တစ်တိုက် ကနေ တစ်တိုက် သွားလည်ခွင့်မရှိတော့ ထမင်းစားချိန်မှသာတွေ့ရတယ်၊ သူတို့ (၂)ယောက်ကတော့ ဆင်းရဲကြတယ်၊ ကျွေးတဲ့အတိုင်းပဲ စားကြတယ်၊

ဘယ်ရမလဲ သူတို့အတွက်ပါ ကုန်ကျခံပြီး ဘေးပေါက်ဆိုင်မှာ အတူတူသွားစားကြတယ်၊ (၁)ရက်စော၊ (၁)ရက်နောက်ကျမှ ပြန်ရမှာဆိုတော့ မန္တလေး အပြန်ခရီးက မဆုံကြတော့ဘူးပေါ့။

စစ်ကြောရေးထဲမှာ မနက်(၅)နာရီ ထိုးတာနဲ့ အဆောင်တံခါးဖွင့်ပြီး တပ်ကြပ်ကြီး က ခရာမှုတ်ပြီး နှိုးတယ်။ အိပ်ရာကထပြီး သွားတိုက်၊မျက်နှာသစ်၊ ရေချိုး ဖို့အတွက် (၁၀)မိနစ် အချိန်ပေးတယ်။ ပြီးတာ နဲ့ တန်းစီ၊ လူစစ်တယ်၊ နံနက်ခင်းမှာ နှိုးကြားတက်ကြွစေတဲ့

စစ်သီချင်းတွေ အကျယ်ကြီးဖွင့်တယ်၊ ရေကန်ကနေ မိမိပါလာတဲ့ ရေခွက်နဲ့ ရေခပ်ပြီး အပင်တွေ ကိုရေလောင်းရတယ်၊ စစ်ကြောရေးအပေါက်ဝနား မြက်ပင်တွေနှုတ်ရင်း လမ်းမပေါ်မှာ Express ကားကြီးဖြတ်သွားရင် မန္တလေးကို ပြန်ချင်စိတ်တွေ ဖြစ်ပေါ်လာတယ်၊

အော် .. နောက် (၂)ရက်ဆိုရင် ထွက်ရတော့မှာပဲ ဆိုပြီး အားတင်းရတယ်။

ဆံပင်ညှပ်တဲ့အကြောင်း ပြောအုံးမယ်၊ မန္တလေးမှာ နာမည်ကြီး သိန်းဝင်း ဆံပင်ညှပ်ဆိုင်မှာ ညှပ်လာတဲ့သူက ဒီရောက်တော့ သိန်းဝင်း ဆံပင်ညှပ်ဆိုင်လို ကပ်ကြေးတွေ၊ မှန်တင်ခုံတွေ မရှိဘူး၊ ထိုင်ဖို့ ခုံ နဲ့ ဂိုက်ကတ်ကြေး နဲ့ ဘီး ပဲ ရှိတယ်။

လူပေါင်းအများကြီးဆိုတော့လည်း အဲဒါနဲ့ ညှပ်မှ အဆင်ပြေတာကိုး၊ နောက်တစ်ယောက်ညှပ်ပြီးရင် ကျွန်တော့်အလှည့်ရောက်ပြီး၊ အဲဒီ ဂိုက်ကပ်ကြေးက ပူလွန်းအားကြီးလို့ ရေခွက်ထဲစိမ်ထားရတယ်၊ ကျွန်တော့် ဆံပင်စညှပ်တော့ ညာဘက်ကို ဖီးနဲ့ဂိုက် ထိုးလိုက်တယ်၊

ပြီးတော့ နောက်ဘက်ကို ညှပ်တယ်၊ ဘယ်ဘက်ကို ညှပ်တယ်၊ နောက်ဆုံး အပေါ်ကို ညှပ်တယ်၊ မှန်မရှိတော့ စိတ်ကူးထဲ ပုံဖော်နေလိုက်တာပေါ့။ ကာတွန်းကားထဲကပုံစံမျိုးပေါ့ ခေါင်းပေါ်ကို ဖန်ခွက်တင်လို့ရတဲ့ ပုံစံမျိုး ဖြစ်နေပြီထင်တယ်လို့ မှန်းကြည့်လိုက်တယ်၊

အဲဒီလို ညှပ်တဲ့အချိန် ဦးခေါင်းမလှတဲ့သူက ကြည့်ရတာ တယ်ဆိုးသလား မမေးနဲ့၊ ကျွန်တော့်ပုံစံလဲ အဲဒီပုံစံအတိုင်းပါပဲ၊ နောက်ကို ကိုင်ကြည့်ရင် ထစ်ထစ်ထစ် ကြီး ဖြစ်နေတယ်၊ စိတ်ကုန်စရာဖြစ်လာတယ်၊ ကျွန်တော့်ပုံစံက အရပ်က ၅ပေ၁၁လက်မ၊ ပိန်ပိန်ရှည်ရှည်၊

ဆံပင်က ခုနက ပြောတဲ့ပုံစံမျိုး၊ မြင်ယောင်ကြည့်ပေတော့ဗျာ၊ ဟာသရုပ်ကြီး ပေါက်မနေဘူးလား၊ မန္တလေးပြန်ရင်တောင် ဦးထုပ်ဆောင်းပြီး ပြန်ရမယ့် သဘောဖြစ်နေတယ်။

နောက်ထပ် အမှတ်ပေး လေ့ကျင့်ခန်းတွေလုပ်ရသေးတယ်၊ သင်တန်းတက်တုန်းက သင်တဲ့နည်းတွေ အကုန်လုံး လုပ်ရတယ်၊ (၅)ခုအမှတ်ပေးလေ့ကျင့်ခန်း လုပ်တဲ့အထဲမှာ ကျွန်တော် (၅)ခု စလုံး လုပ်နိုင်ခဲ့တယ်၊ အမှတ်ပေးလေ့ကျင့်ခန်းတွေက ကြိုးတက်၊ ကြိုးလွဲ၊

ကြောင်လျှောက်၊ ကျားပါးစပ်၊ ဘားတန်းဆွဲ၊ တွေဖြစ်တယ်၊ သူငယ်ချင်း ကျော်စွာထွန်း ကတော့ ခန္ဓာကိုယ်နည်းနည်းဝတော့ ကြိုးလွဲမှာ မြေကြီး နဲ့ထိ ပြီး အမှတ်လျှော့ခဲ့တယ်၊ ကြိုးလွဲနည်းက ဘယ်လိုလဲ    ဆိုရင်၊ ကြိူးကို လက်နဲ့အရင်ကိုင် လွဲတော့မယ့်အချိန်ကျရင်

ခုနကကိုင်ထားတဲ့လက်ရဲ့အပေါ်ဘက်ကို မြင့်မြင့်လေးကိုင်ထားမှ ခန္ဓာကိုယ် က မြေကြီး နဲ့ မထိဘဲ အမှတ်ရမှာဖြစ်တယ်။

နောက်ထပ် အုပ်စုလိုက် အခက်အခဲဖြတ်ကျော်ခြင်းနည်းတွေရယ်၊ စိုက်ကို ပညာရပ်တွေ ဖြေဆိုရသေးတယ်၊ အုပ်စုလိုက်ကစားနည်းမှာ ကျွန်တော်တို့ ကစားရမယ့်နည်းက ဒီဘက်ချောက်ကမ်းပါးကနေ တစ်ဖက်ကို ပြုတ်မကျဘဲ ပေးထားတဲ့ပစ္စည်းတွေရော လူတွေပါ

ရောက်အောင် ဖြတ်ကျော်ရမယ့် ကစားနည်းဖြစ်တယ်၊ ပေးထားတဲ့ပစ္စည်းတွေက ကုန်းဘောင်တစ်ခု၊ ကြိုးရှည်တစ်ခု၊ သံပေပါ (အလတ်စား ၂ခု)၊ ပေးထားတယ်။ အမှတ်ပေးအကဲဖြတ်မယ့်သူတွေက ကြည်း၊ရေ၊လေ က အရာရှိကြီးတွေက အမှတ်ပေးအကဲဖြတ်ပေးမှာ၊

ဒဏ်ရာအနာတရဖြစ်ရင် ကုသပေးဖို့ ကြက်ခြေနီတွေ ထားပေးထားတယ်၊ ကုန်းဘောင် ကို အုတ်တံတိုင်းပေါ်တင်ပြီး ကျွန်တော် သံပေပါကို မပြီး အလယ်က အုတ်တံတိုင်းဆီသို့ လမ်းလျှောက်သွားတယ်၊ သံပေပါမတဲ့အချိန်မှာ ညာဘက်ခြေသလုံးကို သံပေပါက သံစနဲ့

အနည်းငယ်ခြစ်မိသွားပြီး ခြေထောက်မှာ သွေးတွေ ထွက်နေခဲ့တယ်၊ အရာရှိတွေက ခရာမှုတ်ပြီး နံပါတ် (၁၃) ခြေသလုံးဘာဖြစ်တာလဲ မေးတယ်၊ အောက်ဆင်းခဲ့ ဆေးထည့်ပြီး မှ ပြန်ကစားရန် ပြောတယ်၊ ရတယ် ပြောပြီး၊ ကျွန်တော်ဒီဘက်ကမ်းရောက်အောင်ဖြတ်ပြီး

မှ ဆေးထည့်တော့မယ်ဆိုပြီး ပြန်ပြောလိုက်တယ်၊ အဲဒီနားက ခုချိန်ထိ ခြေသလုံးမှာ မွေးကျွတ်နာလိုပုံစမျိုး အသားမာကြီး ဖြစ်နေခဲ့တယ်။ အဲဒီအုပ်စုလိုက်ကစားနည်းကို ကျွန်တော်တို့ အဖွဲ့ အောင်မြင်စွာ ကစားနိုင်ခဲ့ကြတယ်၊ နောက်ပြီး စိုက်ကို ရေးဖြေ နဲပ မေးဖြေ

ဖြေရသေးတယ်၊ အဖေ ဖြစ်စေချင်တဲ့အတိုင်း အတက်နိုင်ဆုံး ကြိုးစားဖြေဆိုခဲ့သော်လည်း အောင်စာရင်း ထွက်သည့်နေ့တွင် စာမေးပွဲကျခဲ့တယ်၊ ဘာကြောင့်ကျသလဲ စုံစမ်းတော့ စိုက်ကို ရေးဖြေ နဲ့ မေးဖြေ လွဲမှားနေခြင်းကြောင့်ဖြစ်တယ်၊ ဘယ်လိုလဲဆိုရင် ရေးဖြေမှာ

မေးထားတာက “သင် ညဘက်အမှောင်ထဲတစ်ယောက်ထဲသွားရင် ကြောက်၊ မကြောက်” မေးထားတယ်။ ရေးဖြေ မှာ ကြောက်တယ် ကို အမှန်ခြစ်ပေးထားတယ်၊ လူတွေ့ မေးဖြေမှာ ကျွန်တော်ရေးဖြေအဖြေလွှာကိုကြည့်ပြီး အဲဒီမေးခွန်းမေးတော့ မကြောက်ဘူး

ဖြေတဲ့အတွက် အမှတ်ကျပြီး နောက်ဆုံးအဆင့် ပြင်ဦးလွင် ဆက်လက်ဖြေဆိုခွင့် မရရှိတော့တာဖြစ်ပါတယ်။ စိတ်ထဲကတော့ အောင်စာရင်းထွက်တော့ ပြုံးပျော်နေလျှက်၊ သူငယ်ချင်း ဝဏ္ဏမောင် လဲ ကျတယ်၊ ကံကောင်းသွားတာက ကျော်စွာထွန်း က မေမြို့ပါသွားပြီး

စစ်တက္ကသိုလ် (၃)နှစ်ကို တစ်တန်းမှမကျဘဲ (၃)နှစ်နဲ့အောင်မြင်ပြီး၊ လက်ရှိ ထားဝယ် လေကြောင်းရန်ကာကွယ်ရန်တပ်မှာ လက်ရှိအဆင့် ဗိုလ်အဆင့်နဲ့ စစ်သားကြီး ဖြစ်သွားပါတော့တယ်၊ ကျွန်တော့်ကတော့ ရတနာပုံတက္ကသိုလ် မှာ ရုက္ခဗေဒ (Botany) ဖြင့်

ဘွဲ့ရခဲ့တယ်၊ ဒါတောင် အဖေ က ဇွဲမလျော့ဘဲ ဘွဲ့ရပြီးရင် ဆက်ဖြေလို့ရတဲ့ OTS တက်လို့ရအောင် ကြိုးပမ်းအုံးမယ် လို့ ပြောထားသေးတယ်၊ တက္ကသိုလ် ဒုတိယနှစ်မှာ အိမ်ထောင်ကျတယ်၊ အိမ်ထောင်ကျတဲ့ နှစ်မှာ စာမေးပွဲကျတယ်၊ နောက်ထပ်

ကျောင်းဆက်တက်တယ်၊ အဲဒီနှစ်လဲ စာမေးပွဲကျတယ်၊ (၂)နှစ်ကျတော့ ဒုတိယနှစ်ကို External ပြင်ပဖြေ ရောက်သွားတယ်၊ အမေ ဆုံးပြီး (၃)နှစ်ကြာ၊ External ဖြေတဲ့အချိန်မှာ အဖေ ရုတ်တရက် နှလုံးသွေးကြောကျဉ်း ရောဂါ နဲ့ ဆုံးသွားတယ်။ အမေ့အတိုင်း အဖေ

လဲ ဆေးတက္ကသိုလ် ခန္ဓာဗေဒ မှာ ခန္ဓာကိုယ်ကို နောင်လာနောက်သား ဆေးကျောင်းသားတွေ ပညာသင်ရေးအတွက် ရည်ရွယ်၍ လှူဒါန်းခဲ့ကြတယ်၊ အဖေ လဲ ကောင်းမွန်ရာဘ၀ ရောက်ပါစေလို့ သား စာရေးရင် ဆုတောင်းလိုက်ပါတယ်၊

 စာရေးဆရာမဟုတ်တဲ့အတွက် စာရေးတဲ့နေရာမှာ အဆင်မပြေတာများရှိရင် သည်းခံခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။

သူရဖြိုးဝေ (ခ) ကိုဖြိုး - မန္တလေး

(7.6.2013 ည - ၁၂နာရီ ၂ မိနစ် တွင် စာအချောရေးပြီးသည်။)



ကျွန်တော်ငယ်စဉ်ကနေ ခုလက်ရှိ ပုံလေးတွေပါ။












Comments

စာတွေဖတ်ရတာကောင်းတယ်။
မိသားစု၊ အခက်အခဲ၊ အတွေ့အကြုံတွေ အပြင်ရသတွေပါခံစားရတယ်။
အရင်ခေတ်က Blog တခုဖတ်ရသလိုဘဲအရသာရှိတယ်။
Thu Ra said…
Blog ကို သိပ်ပြီး မသုံးဖြစ်တော့ comment ရေးထားတာကို ခုမှ ဖတ်မိတော့တယ်။
ကျေးဇူးအထူးလဲတင်မိပါတယ်ခင်ဗျာ။

Popular posts from this blog

မှော်နယ်မြေ သို့ ...