Posts

Showing posts from October, 2015

မှော်နယ်မြေ သို့ ...

Image
မှော်နယ်မြေ သို့ ...   အချိန်က မိုးရာသီ မိုးတွင်းကာလ ဖြစ်သည်၊ ညကတည်းက ရွာချ လိုက်သော မိုးသည် မနက်အထိ ရွာနေဆဲပင်၊ ချိုင့်ခွက်များနှင့် ကြမ်းတမ်းသော လမ်းမပေါ်တွင် ရေများပြည့်လျှံနေသည်၊ မနက် အိပ်ရာနှိုး မိုးလင်းခါစ အချိန် သူငယ်ချင်း ၃ ယောက် နဲ့ လုံးခင်းရွာထဲ သွားပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်၊ လုံးခင်းကျေးရွာ က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ထဲမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ရွာဖြစ်တယ်၊ လုံးခင်းကျေးရွာကို သွားမယ်ဆိုရင် မြစ်ကြီးနား ထိ ကားလမ်း၊ မီးရထားလမ်း၊ လေယာဉ် တို့နဲ့ သွားလို့ရတယ်၊ မီးရထားနဲ့ သွားမယ်ဆိုရင် မန္တလေး - မြစ်ကြီးနား ရထားစီးပြီး မိုးကောင်း ဘူတာ မှာ ဆင်းရသည်၊ မိုးကောင်း ရောက်မှ ကားနဲ့တစ်ဆင့် ၇နာရီ ၈နာရီလောက် မောင်းရင် လုံးခင်းကျေးရွာကိုရောက်သည်၊ ကျေးရွာဆိုပေမယ့် တော်တော်လေး စည်စည်ကားကား ရှိလှပါတယ်၊ သူငယ်ချင်း ၃ ယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း အသိမိတ်ဆွေတစ်ယောက်က မနေ့ည မိုးရွာတဲ့အချိန် ကျောက်တူးသွားတဲ့ သူတွေ ကမ်းပါးပြိုပြီး လူ ၁၀ ယောက်လောက်သေတယ်လို့ပြောတယ်၊ ကြားကြားချင်း စိတ်မကောင်းဖြစ်မိတယ်၊ ဒီနယ်မြေ ဒီဇာတိက လူတွေကတော့ ကမ်းပါးပြိုလို့ သေတယ်ဆိုတာ ထူးထူးဆန်းဆန်းမဟုတ်ပေမယ့် ကျွန်တ