Posts

Showing posts from February, 2022

(၁၄)နှစ် ပြည့်တော့မယ့် ရတနာပုံစျေးမီးလောင်မှု

Image
၂၀၀၈ ခုနစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ မန္တလေးမြို့၊ ရတနာပုံစျေးကြီး စတင် မီးလောင်ခဲ့တယ်။ မီးသတ်ကားသံတွေကလည်း ဆူညံနေတယ်၊ အဲ့ချိန်  ကိုယ့်မှာ ဓာတ်ပုံကောင်းကောင်း ရိုက်ချင်ခဲ့တာ အမှန်ပဲ။ အိမ်ကိုလည်း ဘယ်သွားမယ်ဆိုတာ မပြောခဲ့ဘူး။ ကိုယ့်မှာကလည်း ဖလင်ကင်မရာပဲ ရှိတယ်။ ဖလင်ကလည်း ကုန်နေပြီ၊ ဒါနဲ့ Fuji မှာ ဖလင် ၂လိပ် အရင်သွားဝယ်တယ်၊ ပြီးမှ မီးလောင်တဲ့ နေရာကို တန်းပြေးတော့တာ။ ၇၈လမ်း နဲ့ ၃၅လမ်းဘက်မှာ ဖြတ်သန်းဝင်ခွင့်မပေးတော့ ဂုံးကျော်တံတားအောက်က လက်ဖက်ရည်မှာ ဆိုင်ကယ်ကို ထားခဲ့ရတယ်။  လမ်းလျှောက်ပြီး ပုံတွေ ရိုက်၊ အထည်တန်းက အထည်တွေကို ကိုယ်ကပါ ကူသယ်ထုတ်ပြီး ၇၈လမ်း အနောက်ဖက်က ဆိုင်တွေဘက်ကို ကူသယ်ပေးခဲ့သေးတယ်။ မီးသတ်တွေ လူအုပ်တွေ ကြားမှာ ကိုယ်ရှိနေခဲ့တော့ ခုချိန်ထိ စကားသံတချို့ကို မှတ်မိနေတုန်းပဲ ငါ့ညီရေ ကင်မရာ ရေစိုမယ်၊ သတိထားဦး၊ ပုံတွေ ရိုက်ပြီး မှတ်တမ်းသိမ်းထားပေးပါ။  ဆုံးရှုံးမှုတွေကြောင့်  ငိုတဲ့သူတွေက ငို၊ မီးသတ်ကားသံတွေကို ဆူညံနေရောပဲ၊ တကယ့်ကို အဲ့နေ့ရက်က မမေ့နိုင်စရာပါပဲ။ ကိုယ့်ရဲ့ သတင်းထောက်ဘဝ သက်တမ်းတလျှောက်မှာလဲ အကြီးမားဆုံး မီးလောင်မှုတွေကို ကိုယ်မှတ်တမ်းတင်ခွင့် ရိုက်ခွင့် သတင်းတင်ဆက်ခွင့်ရ