Posts

Showing posts from October, 2013

“၁၀တန်းအောင်ပြီး .... စစ်တက္ကသိုလ် သို့ .............”

Image
အိပ်ရာက မနှိုးသေးပါ၊ ကျွန်တော့် အဖေ အခန်းတံခါး လာခေါက်ပါတယ်၊ မင်း ၁၀တန်း စာမေးပွဲအောင်တယ်၊ ငါ မနက်အစောကြီးသွားကြည့်ပြီး ပြန်လာတာ၊ ဂုဏ်ထူးမပါဘူး၊ ရိုးရိုးပဲအောင်တာ၊ အဖေ ဒါဆို သားကိုယ်တိုင် လဲ အောင်စာရင်း သွားကြည့်ချင်တယ်၊ အေး ဒါဆိုရင် မင်း ရေချိုးပြီးရင် အောက်ထပ်ကို ဆင်းခဲ့၊ ငါ လိုက်ပို့ပေးမယ်၊ အဖေ က လမ်းသွားရင်း ဆက်ပြောပါတယ်၊ မနက်က ငါ တော်တော်လေး စိတ်ဓာတ်ကျသွားတယ်၊ ဘာလို့လဲ ကျွန်တော် မေးလိုက်တယ်၊ မင်းရဲ့ အ.ထ.က (၁၆) ကျောင်းမှာ သွားပြီး အောင်စာရင်း သွားကြည့်တာ စာရွက်တစ်ရွက် မှ မင်းနာမည် ပါမလာဘူး၊ ဘေးက လူတစ်ယောက်မေးကြည့် မှ ကိုယ်တက်တဲ့ကျောင်းမှာ အောင်စာရင်း မကြည့်ရဘူး၊ ကလေး ဖြေဆိုတဲ့ကျောင်းမှာ သွားကြည့်ရမှာဆိုပြီး အဲဒီလူက ပြောလိုက်တယ်၊ ဒါနဲ့ အဖေ့လဲ မင်းဖြေတဲ့ကျောင်း (ရင်ခွဲရုံမြောက်ဘက်) နားက ကျောင်းမှာ သွားကြည့်လိုက်တယ်၊ အဲဒီမှာ သွားကြည့်လိုက်မှ မင်းနာမည် တွေ့ရတာပဲ၊ မင်းနာမည် ရဲ့ အပေါ် က ကောင်မလေးနာမည်က ရတနာဖြိုးဝေ၊ အောက်က မင်းနာမည် သူရဖြိုးဝေ။ အောင်စာရင်းကြည့်တဲ့နေရာမှာ ရတနာဖြိုးေ၀ နဲ့  သူရဖြိုးေ၀ ဆိုတော့ တစ်ချို့က မောင်နှမ ထင်နေကြတာ၊ ရတနာဖြိုးေ၀ က ဂုဏ်ထူးပါတယ်၊ သူရဖြိုးေ၀ က ဂုဏ်ထူးမပါဘူ