Posts

Showing posts from October, 2021

သူရ ရဲ့ ပေါ့ပေါ့ပါးပါး မှတ်တမ်းများ - (၁)

Image
ပေါ့ပေါ့ပါးပါး မှတ်တမ်းများ ဆိုတဲ့ ခေါင်းစဉ်ကတော့ ကျွန်တော့် စိတ်ထဲမှာ သတိရလာတာတွေ၊ ခံစားချက်လေးတွေ အဓိကကတော့ စာရေးချင်စိတ် ဖြစ်လာတဲ့အခါ ဒီ Blog လေးမှာ အပိုင်းလေးတွေ နဲ့ ရေးသွားပါမယ်။ တနေ့ တနေ့ ဖေ့ဘုတ်ပေါ်မှာလည်း သတင်းတွေကြည့်လိုက်၊ ဟာသတွေဖတ်လိုက်နဲ့  Blog ဘက်ကို မရောက်ဖြစ်တာ မရေးဖြစ်တာ နှစ်ကို အတော်ကြာခဲ့ပါပြီ။  ၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီလ၊ ၁ရက်နေ့ မှာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ လူအများ က စိတ်ညစ်စရာတွေ နဲ့ ကြုံရမယ် ရင်ဆိုင်ရမယ်ဆိုတာ သိပါတယ် အဲ့ဒီထဲမှာမှ ကျွန်တော်လည်း အခက်ခဲမျိုးစုံ နဲ့ စိတ်ညစ်စရာတွေ ရှိခဲ့သူပါပဲ။ ယခု စာရေးနေတဲ့ အချိန်ထိပေါ့ဗျာ။ ကိုဗစ်ကတမျိုး၊ နိုင်ငံရေးကတမျိုး နဲ့ လူတွေလည်း အဖက်ဖက်က စီးပွားရေးတွေလည်း အဆင်မပြေ စိတ်ဓာတ်တွေ ကျနေချိန်ပေါ့။ ဒီကာလတွေကတော့ အတော်ကို ကြန့်ကြန့်ခံနိုင်မှကို ရမယ်လို့ စာရေးသူက ပြောချင်ပါတယ်။ စိတ်ညစ်တာကတော့ လူတိုင်းနီးပါး ပါပဲ။ စိတ်ညစ်စရာတွေကြောင့် ကိုယ့်အသက်ပါ စတေးပြီး သေသွားကြသူတွေ သတင်းတွေလည်း  ဖတ်နေရတယ်။ ကျွန်တော့်ရဲ့ ဖေ့ဘုတ် က သူငယ်ချင်းတွေက ပြောကြတယ်။ ကိုသူရ မှာ စိတ်ညစ်စရာ မရှိဘူးလားတဲ့၊ အမြဲ ကိုသူရ ကြည့်ရတာ ဟာသလေး တွေ ရှယ်ပြီး တင်နေတာတွေ့တယ်၊